Bangpakok Hospital
  • A
  • A
  • A
BPK Hotline

Orthodontics


   

သွားညှိကုသခြင်းသည် သွားများထပ်၍ပေါက်နေခြင်း၊ သွားများအပြင်သို့ထွက်နေခြင်း၊ သွားမညီခြင်း၊ သွားမညီသောကြောင့် ပါးစပ်ပိတ်ရခက်ခြင်း၊ သွားကျဲခြင်း နှင့် မေးရိုးဆိုင်ရာပြဿနာများ ကဲ့သို့သော သွားများကို အံဝင်ခွင်ကျဖြစ်စေသော ကုသမှုတစ်ခုဖြစ်ပါသည်။ သွားညှိကုသခြင်းသည် သင်၏သွားများကို ပိုမိုကောင်းမွန်အောင် ချိန်ညှိပေးပြီး သင့်ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးနိုင်ပါသည်။

 

သွားညှိကုသခြင်း၏ ကောင်းကျိုးများ

  • သင်၏သွားများကိုညီအောင်ပြုလုပ်ပေးနိုင်ပြီး အစား၀ါးခြင်းလုပ်ငန်းစဥ်ကို  တိုးတက်ကောင်းမွန်အောင် ထိရောက်စွာကူညီပေးနိုင်ပါသည်။
  • သင်၏သွားများကို တဖြည်းဖြည်းလှပလာအောင်ထိန်းညှိပေးကာ လှပသောအပြုံးကို ဖန်တီးပေးပြီး ယုံကြည်မှု ပိုရှိလာစေပါသည်။
  • သွားများကို သန့်ရှင်းစေပြီး ခံတွင်းကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေကာ သွားပိုးစားခြင်း သို့မဟုတ် သွားဖုံးရောင်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။
  • ပိုမိုကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။

သွားညှိကုသခြင်းအမျိုးအစားများ

1. Metal braces 

Metal brace  တပ်ခြင်းသည် အချိန်အတော်တန်ကြာအောင် လူကြိုက်များခဲ့သော သွားညှိကုသခြင်းတစ်မျိုးဖြစ်ပါသည်။ ယခုအချိန်တွင် Metal brace ၏ သတ္တုတုံး အရွယ်အစားသည် သေးငယ်ပြီး ပိုမိုထိရောက်မှု ရှိစေရန် တီထွင်ထုတ်လုပ်ထားနိုင်ပြီဖြစ်ပါသည်။ Elastic Band အရောင်အမျိုးမျိုးကိုလည်း ရွေးချယ်ရန်များစွာရှိပါသည်။

2. Damon system

သွား၏မျက်နှာပြင်တွင် အထူးဒီဇိုင်းထုတ်ထားသောသွားထိန်းကိုတပ်ရသော ကုသနည်းတစ်မျိုးဖြစ်ပါသည်။ Damon ၏ ကိရိယာများသည် သွားအရောင်နှင့် သတ္တုရောင် ဗားရှင်းနှစ်မျိုးလုံးရရှိနိုင်ပြီး လူနာများသည် မိမိနှစ်သက်ရာရွေးချယ်နိုင်ပါသည်။ Damon စနစ်ပါရှိသောကြောင့်  o-rings ကဲ့သို့သော ရာဘာကွင်းလေးများတပ်ရန်မလိုပါ။ ၎င်းတွင် ဝါယာအား ချုပ်ထားနိုင်သော ချိတ်လေးများ ပါရှိပါသည်။ သမားရိုးကျ သတ္တုသွားညှိတုံးလေးများထပ် သွားများသည် ပိုမို ရွေ့ရလွယ်ကူပြီး သွားထိန်းတပ်ထားရမည့်အချိန်ကိုလည်း လျှော့ချပေးပါသည်။

3. Invisalign

Invisalign သည် United States မှ 3D နည်းပညာကို အသုံးပြု၍ ဖြုတ်တပ်ရလွယ်ကူအောင်  ဒီဇိုင်းဆွဲထားသော အကြည်ရောင် သွားညှိအံစွပ်လေးများဖြစ်ပါသည်။ သွားဆရာဝန်များသည် သင်နှင့်ကိုက်ညီသော ကုသမှုများကို Clincheck® 3D visualization software ဖြင့်ချိန်ညှိမည်ဖြစ်ပါသည်။ ဤနည်းလမ်းသည် လစဉ် သွားဆရာဝန်ထံ သွားရောက်ရန် အချိန်မရှိသူများနှင့် လေယာဥ်မယ်များ၊ ကျော်ကြားသူများ၊ သရုပ်ဆောင်များ၊ အားကစားသမားများ စသည်တို့ကဲ့သို့သော Metal brace တပ်ရန် ကန့်သတ်ချက်ရှိသူများအတွက်သင့်လျော်ပါသည်။


Operating hours :

အပတ်စဉ် တနင်္လာမှတနင်္ဂနွေ မနက် ၉း၀၀ မှ ၂၀း၀၀ နာရီအထိ။

(ကြိုတင်ချိန်းဆိုမှုများအတွက် ဖုန်းဆက်နိုင်ပါသည်။)

သွားနှင့်ခံတွင်းဌာန၊ ၆လွှာ၊ Bangpakok 9 International ဆေးရုံ


For more information :
Telephone: 02-109-9111 ext. 10653, 10654 or 090-198-7692, 061-420-2818
Fax: 02–109-9126 ext. 10651

Go to top
Copyright © 2019 Bangpakok Hospital All rights reserved.