Bangpakok Hospital
  • A
  • A
  • A
BPK Hotline

Bangpakok 9 International Hospital

Bangpakok 9 နိုင်ငံတကာဆေးရုံကြီးသည် ထိုင်းနိုင်ငံရှိ ထိပ်တန်းပုဂ္ဂလိက ဆေးရုံများအနက်မှတစ်ခုဖြစ်ပြီး BPK ဆေးရုံအုပ်စု၏လက်အောက်တွင်ရှိပါသည်။ ဤဆေးရုံကို Dr.Chareong Chadrakamol နှင့် တွဲဖက်ပါမောက္ခ Bidhya Chandrakamol တို့မှ 2003 ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ BPK 9 နိုင်ငံတကာဆေးရုံကြီးသည် နာမည်ကြီးကျောက်ဖယားမြစ်အနီး ဘန်ပကောက်ဧရိယာရှိ Rama 2 လမ်းမကြီးပေါ် တွင်တည်ရှိပြီး သုဝဏ္ဏဘူမိလေဆိပ်မှ မိနစ် ၃၀ ခန့်သာသွားရပါသည်။ အရည်အချင်းပြည့်၀ပြီး ကျွမ်းကျင်သောအထူးကုဆရာ၀န်များအဖွဲ့ ၊ နောက်ဆုံးပေါ်ဆေး၀ါးများ နှင့် ခေတ်မှီစက်ပစ္စည်းကိရိယာများတပ်ဆင်ထားပြီး  JCI (Joint Commission International) နှင့် HA (Hospital Accreditation) တို့မှ အသိအမှတ်ပြုခံထားရသော ကျွန်ုပ်တို့၏ BPK9 နိုင်ငံတကာဆေးရုံကြီးသည် ပြည်တွင်းပြည်ပရှိ လူနာများအား အဆင့်အတန်းမြင့်မားသော ဆေး၀ါးကုသမှုများပေးဆောင်ရန်အတွက်အသင့်ဖြစ်နေပါပြီ။

 

    

“ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်” ဟူသော စကားပုံအတိုင်း ကျန်းမာရေးကောင်းမွန်စွာနေထိုင်ရလိုခြင်းသည် လူတိုင်း၏ဆန္ဒတစ်ခုဖြစ်ပါသည်။
ထို့ကြောင့် လုံလောက်စွာအိပ်စက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်း၊
အာဟာရမျှတစွာစားသောက်ခြင်း၊ သင်တို့၏ ခန္ဓာကိုယ်နှင့်စိတ်ကိုပျက်စီးစေမည့် အလားအလာရှိသော အလေ့အကျင့်များ သို့မဟုတ် လှုပ်ရှားမှုများကို ရှောင်ကြဥ်ခြင်းဖြင့် ကျန်းမာရေးကောင်းစွာနေထိုင်ရေးကို ထိန်းသိမ်း‌ရန်စတင်လိုက်ပါ။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသည် ဆက်စပ်နေသောကြောင့် ၎င်းအကျိုးဆက်သည် သင်တို့ချစ်ခင်ရသောသူများအပေါ်တွင် အကျိုးသက်‌ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် BPK9 နိုင်ငံတကာဆေးရုံကြီးသည် ကျွန်ုပ်တို့၏လူနာများအား ကျန်းမာရေးကဏ္ဍအားလုံးတွင် အစဥ်မပြတ်ပြုစုစောင့်ရှောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

 

Chareong Chandrakamol MD
Managing Director of Bangpakok Hospital Group

History

နောက်ခံသမိုင်းကြောင်း

BPK ဆေးရုံအုပ်စုကို ဒေါက်တာ Chareong Chandrakamol နှင့် တွဲဖက်ပါမောက္ခ Pittaya Chandrakamol တို့မှ 1981ခုနှစ်တွင်  Bangpakok အထူးကုဆေးခန်းအမည်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ လူနာများအားလုံးကို အရည်အသွေးပြည့်မှီသော စောင့်ရှောက်မှုနှင့်၀န်ဆောင်မှုများပေးဆောင်ခြင်းဖြင့် အထူးကုဆေးခန်းသည် လူအများကြားတွင် ဂုဏ်သတင်းအလွန်ကြီးထွားလာပြီး ထပ်မံတိုးချဲ့တည်ဆောက်ရန်လိုအပ်လာခဲ့ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် Bangpakok 1 ဆေးရုံကြီးအဖြစ် စတင်တည်ထောင်ခဲ့ကာ လူနာများအား ပြည့်စုံသော၀န်ဆောင်မှုများပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် အထူးကုဆရာ၀န်များအဖွဲ့၊ Dr.Chareong Chandrakamol နှင့် BPK ဆေးရုံအုပ်စု၏ အမှုဆောင်အဖွဲ့တို့သည် ၎င်းတို့၏ ဆေးရုံကွန်ရက်များကို ဘန်ကောက်မြို့နှင့်အနီးတစ်၀ိုက်ဒေသများတွင် ဆက်လက်တိုးချဲ့တည်ထောင်ခဲ့ကြပါသည်။

  1. Bangpakok 1 ဆေးရုံကြီး (1994 ခုနှစ်)
  2. Bangpakok 2 ဆေးရုံကြီး (1990 ခုနှစ်)
  3. Bangpakok 3 ဆေးရုံကြီး  (1996 ခုနှစ်)
  4. Bangpakok 8 နိုင်ငံတကာဆေးရုံကြီး  (2003 ခုနှစ်)
  5. Bangpakok 9 နိုင်ငံတကာဆေးရုံကြီး (2003 ခုနှစ်)
  6. Bangpakok ဆေးဖက်ဆိုင်ရာဆေးခန်း (1981 ခုနှစ်) တွင် အသီးသီးတည်ထောင်ခဲ့ပါသည်။
  7. Piyavate Hospital (BPK ဆေးရုံအုပ်စု၏လက်အောက်တွင် 2016 မှစတင်၍)
  8. Bangpakok 2 Rangsit (BPK ဆေးရုံအုပ်စု၏လက်အောက်တွင် 2016 မှစတင်၍)
Our Vision, Mission, Values and Goals
Vision

Bangpakok 9 နိုင်ငံတကာဆေးရုံကြီးသည် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆန်းသစ်တီထွင်မှု၊ ခေတ်မှီနည်းပညာနှင့် “စောင့်ရှောက်မှုနှလုံးသား” (Heart of Care) တို့ဖြင့် ထိုင်းနိုင်ငံ၏ထိပ်တန်းဆေးရုံတစ်ခုဖြစ် လာခဲ့ပါသည်။

Mission
  • နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးဆောင်သွားနိုင်ရန်
  • ဆန်းသစ်တီထွင်မှုနှင့် ခေတ်မီနည်းပညာများဖြင့် ရှေ့ဆက်သွားနိုင်ရန်
  • ထိရောက်မှုရှိစေသော ဆေးရုံကွန်ရက်ကို တည်ဆောက်သွားနိုင်ရန်
  • လူမှုရေးရာ တာဝန်ယူမှုဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နေရန်

CORE VALUE = HEART
   H : Holistic Care (အလုံးစုံသော ကျန်းမာရေးစောင့်ရှောက်မှု)
   E : Excellent Service (အထူးကောင်းမွန်သော ဝန်ဆောင်မှု)   
   A : Accountability (တာဝန်ယူ၊ တာ၀န်ခံမှု)      
   R : Result Oriented (ရလဒ်ကို အခြေခံဦးတည်မှု)
   T : Teamwork (အဖွဲ့လိုက်လုပ်ဆောင်မှု)

Accreditation and Awards

 

 

Global Healthcare Accreditation (GHA COVID-19) ဖြင့်
ထိပ်တန်းပုဂ္ဂလိကဆေးရုံဖြစ်သော Bangpakok 9 နိုင်ငံတကာဆေးရုံကြီးသည် 2022 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှစတင်၍ ဆေးဘက်ဆိုင်ရာ ခရီးသွားအစီအစဉ်များအတွက် COVID-19 လမ်းညွှန်ချက်များနှင့်အညီ လိုက်လျောညီထွေစွာဆောင်ရွက်ခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါသည်။


The Joint Commission International (JCI)
 
ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကိုမြှင့်တင်ရန် ရည်ရွယ်ပြီး JCAHO လက်အောက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါသည်။  JCI ၏ စံချိန်စံညွှန်းသတ်မှတ်ခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ ဆေးရုံများကို အသိအမှတ်ပြုထားပြီး ၎င်း၏စံနှုန်းများသည် ကုသမှုအရည်အသွေးများနှင့် နိုင်ငံတကာစံနှုန်းများအပေါ် အခြေခံထားပါသည်။ JCI စစ်တမ်းပညာရှင်များသည် စောင့်ရှောက်မှု၊ အရည်အသွေး၊ လူနာများအတွက် ဘေးကင်းရေးဆိုင်ရာ အဆင့်များနှင့် ကဏ္ဍအားလုံးကို အကဲဖြတ်စစ်ဆေးပါသည်။


 
The Hospital Accreditation’s (HA)
  

ဒေသခံအဖွဲ့အစည်းတစ်ခုအနေဖြင့် HA လက်မှတ်ရရှိရန်အတွက် လိုအပ်သော အကဲဖြတ်မှုများအားလုံးကို ကျော်ဖြတ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ဆေးရုံကြီးသည် ကျန်းမာရေးဝန်ကြီးဌာန (HAI) ၏ ဆေးရုံ အရည်အသွေး မြှင့်တင်ရေးနှင့် အသိအမှတ်ပြုရေး တက္ကသိုလ် (HAI) မှလည်း အသိအမှတ်ပြုခံထားရသော ဆေးရုံတစ်ခုဖြစ်ပါသည်။

Our Affiliated Hospital


Go to top
Copyright © 2019 Bangpakok Hospital All rights reserved.