Bangpakok Hospital
  • A
  • A
  • A
BPK Hotline

Implant Dentistry

သွားစိုက်ခြင်းဆိုသည်မှာ ဆုံးရှုံးသွားသောသွားများကို သဘာ၀အတိုင်းအနီးစပ်ဆုံးပြန်လည်ရရှိစေရန် သွားမြစ်တွင်း တိုင်စိုက်ကုသသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ သွားဆုံးရှုံးထားသောသူများနှင့် ဖြုတ်/တပ်နိုင်သောသွားအတုမတပ်ချင်သောသူများအတွက်လည်း ‌‌‌ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပါသည်။

သွားစိုက်ခြင်း၏ အကျိုးကျေးဇူးများ

  • သင်၏ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအရည်အသွေးကိုမြှင့်လာစေခြင်း။
  • အစားအသောက်မရွေး စားသုံးနိုင်ခြင်း။
  • အစာဝါးရတာ ပိုအဆင်ပြေလာစေခြင်း။
  • ယုံကြည်မှုရှိရှိနဲ့ ပြုံးနိုင်လာစေခြင်း။
  • ပုံမှန်ထက်စကားသံများ ပီသလာစေခြင်း။

သွားစိုက်ခြင်းတွင် အရေးကြီးသော အစိတ်အပိုင်း ၃ ခု ပါဝင်ပါသည်။




သွားမြစ်တွင်းတိုင်စိုက်ကုသခြင်း - Implant ကိုတိုက်တေနီယမ်သတ္တုဖြင့် ပြုလုပ်ထားပါသည်။ ၎င်းသည် တစ်သျှူးရောင်ရမ်းခြင်း သို့မဟုတ် အခြားဘေးထွက်ဆိုးကျိုးများမဖြစ်စေဘဲ တကယ့်သွားအမြစ်သကဲ့သို့ ခိုင်မြဲစွာ တွဲထားနိုင်ပါသည်။
Abutment - မေးရိုးတွင်အစားထိုးထည့်သွင်းပါက မေးရိုးကိုကောင်းစွာတွယ်ကပ်ရန် 4-6 လခန့် ကြာနိုင် ပါသည်။ ဒီimplantကို မှီပြီး သွားတု၊ အံကပ် စတာတွေကို အပေါ်ကနေ ထပ်တပ်နိုင်ပါသည်။
သွားအစွပ်တပ်ခြင်း(Crown) - Crown သည် သဘာဝသွားများနှင့်တူသော ကြွေထည်ဖြင့်ပြုလုပ်ထားသည့် သွားအစွပ်ဖြစ်ပါသည်။

ခေတ်မီနည်းပညာဖြင့် CAD/CAM (3D) နှင့် 3Shape နည်းပညာကို အသုံးပြုထားသည့် သွားဘက်ဆိုင်ရာဓာတ်ခွဲခန်း (In-house Lab) ဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ အစိတ်အပိုင်းများကို ၁ ရက်အတွင်း လျင်မြန်တိကျစွာနှင့် ထိထိရောက်ရောက် ထုတ်လုပ်နိုင်ပါသည်။

ကုန်ကျစရိတ် :

IPS (ခွဲစိတ်ကုသခြင်း+သွားစိုက်ခြင်း) STRAUMANN / သွားတစ်ချောင်းလျှင် 80,000 ဘတ်

IPS (ခွဲစိတ်ကုသခြင်း+သွားစိုက်ခြင်း) OSSTEM / သွားတစ်ချောင်းလျှင် 70,000 ဘတ်

IPS (ခွဲစိတ်ကုသခြင်း+သွားစိုက်ခြင်း) NEO BIOTECH / သွားတစ်ချောင်းလျှင် 50,000 ဘတ်


Operating hours :

အပတ်စဉ် တနင်္လာမှတနင်္ဂနွေ မနက် ၉း၀၀ မှ ၂၀း၀၀ နာရီအထိ။

(ကြိုတင်ချိန်းဆိုမှုများအတွက် ဖုန်းဆက်နိုင်ပါသည်။)

သွားနှင့်ခံတွင်းဌာန၊ ၆လွှာ၊ Bangpakok 9 International ဆေးရုံ

ဆက်သွယ်ရန် :

တယ်လီဖုန်း 02-109-9111 ext. 10653, 10654 သို့မဟုတ် 090-198-7692, 061-420-2818

Fax: 02–109-9126 ext. 10651

Go to top
Copyright © 2019 Bangpakok Hospital All rights reserved.