Health Screening

ကျွန်ုပ်တို့၏ဆေးရုံကြီးသည် ကျား/မ မရွေး သင်တို့၏ အသက်၊ ဘ၀နေထိုင်မှုပုံစံ နှင့် အလုပ်နှင့်ပတ်သက်သော ကျန်းမာရေးအန္တရာယ်များ စသည်ဖြင့် အသီးသီးလိုအပ်သောအရာများနှင့် ကိုက်ညီစေရန် သင့်လျော်သောကျန်းမာရေးစစ်ဆေးမှုပရိုဂရမ်များကို သီးသန့်ဒီဇိုင်းဆွဲရေးထုတ်ထားပါသည်။ ကျွန်ုပ်တို့၏ ကျန်းမာရေးစစ်ဆေးမှုစင်တာတွင် အဆင့်မီနည်းပညာများဖြင့် ရလဒ်များကို တိကျသေချာစွာ ရရှိနိုင်ရေးရန်အတွက် ခေတ်မှီစက်ပစ္စည်းကိရိယာများကို ပြည့်စုံစွာတပ်ဆင်ထားပါသည်။ သင်တို့၏ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများကို အထူးကုဆရာဝန်များနှင့် သူနာပြုများအဖွဲ့မှ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ဆေးရုံကြီး၏အရည်အသွေး၊ သာလွန်ကောင်းမွန်သော စောင့်ရှောက်မှုအဆင့်အပြင် လူနာများ၏ကျန်းမာရေးအတွက် စိတ်ကျေနပ်မှုအပြည့်အဝ ရရှိနိုင်ရန် ကျွန်ုပ်တို့အပေါ် ယုံကြည်စွာ အပ်နှံထားနိုင်ပါသည်။
ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ
- နှလုံးခုန်နှုန်းတိုင်းတာခြင်း။
- Exercise Stress Test လုပ်ခြင်း။
- အာထရာဆောင်းရိုက်ခြင်း။
- ဒစ်ဂျစ်တယ် မမ်မိုဂရမ်ရိုက်ခြင်း။
- ဒစ်ဂျစ်တယ်ဓာတ်မှန်ရိုက်ခြင်း။
- အရိုးသိပ်သည်းဆတိုင်းတာခြင်း။
ကြိုတင် စီစစ်ပြင်ဆင်ခြင်း။
1. Pre-Examination
- ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီညတွင် လုံလောက်စွာအိပ်စက်ပြီး သွေးပေါင်ချိန်ကို ထိခိုက်စေနိုင်သော အရက်နှင့်ကဖင်းဓာတ်ပါသော အချိုရည်များကို မသောက်သုံးသင့်ပါ။
- သွေးစစ်ရန်အတွက် သက်တောင့်သက်သာရှိသော လက်တိုရှပ်အင်္ကျီ သို့မဟုတ် လှန်ခေါက်နိုင်သောအင်္ကျီလက်ရှည်များသာ ဝတ်ဆင်ပါ။
- EST ပြုလုပ်ရန် စီစဉ်ထားပါက လူနာများသည် သက်တောင့်သက်သာရှိသော အဝတ်နှင့် ဖိနပ်များကို ၀တ်ဆင်သင့်ပါသည်။
- အမျိုးသမီးများသည် ရာသီမပေါ်မီ သို့မဟုတ် ရာသီလာပြီးနောက် 7 ရက်အတွင်း သားအိမ်စစ်ဆေးမှုပြုလုပ်ခြင်းကို ရှောင်ရှားသင့်ပါသည်။
- သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးရမည့် လူနာများသည် စမ်းသပ်မှုမပြုမီ အနည်းဆုံး 6 နာရီကြိုတင် အစားရှောင်သင့်ပါသည်။ ကိုလက်စထရော၊ triglyceride၊ HDL နှင့် LDL များစစ်ဆေးရန်အတွက် လူနာများသည် စမ်းသပ်မှုမပြုမီ အနည်းဆုံး ၁၂ နာရီကြာအောင် အစာရှောင်သင့်ပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းမှ ကင်းဝေးစေရန် ရေအနည်းငယ်ကို သောက်သုံးနိုင်ပါသည်။
- စစ်ဆေးရန် သွေးထုတ်ယူပြီးပြီးချင်း လူနာများသည် ပုံမှန်အတိုင်း စားသောက်နိုင်ပါသည်။(ဝမ်းဗိုက်အပေါ်ပိုင်း အာထရာဆောင်းရိုက်ရန်လိုအပ်သော လူနာများမှလွဲ၍)
- သွေးထုတ်ထားသည့်နေရာကို အနည်းဆုံး 5-10 မိနစ်ခန့် ဖိထားပေးလိုက်ပါ။
- ထုတ်ယူထားသည့်နေရာ၌ အစက်အပြောက်များပေါ်လာပါက၊ အမာရွတ်များကို လျင်မြန်စွာလျှော့ချရန် Hirudoid ဆီကို 1-2 ပတ်ကြာ လိမ်းထားပေးပါ။ထိုနေရာတစ်၀ိုက်ကို နှိပ်နယ်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
- ဆီးပုလင်းကို အသုံးပြု၍ middle portion of the urine ကိုသိမ်းပါ။
- ဓမ္မတာလာနေသောအမျိုးသမီးများအတွက် ဆီးစစ်ခြင်းမပြုသင့်ပါ။ ရှောင်လွှဲ၍မရပါက ဝန်ထမ်းများအား အကြောင်းကြားပါ။
- လက်ဝတ်ရတနာများနှင့် သတ္တုအသုံးအဆောင်များအားလုံးကို ဖယ်ရှားပါ။
- အမျိုးသမီးများအတွက် အတွင်းခံ ဘရာစီယာ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။
- ကိုယ်ဝန်ရှိသည်ဟု သံသယရှိပါက ဓာတ်မှန်ရိုက်ခြင်းကို ပယ်ဖျက်ရန် ဝန်ထမ်းများအား အကြောင်းကြားပါ။
- အာထရာဆောင်းမရိုက်မီ အနည်းဆုံး 6 နာရီအလိုတွင် အစာရှောင်သင့်ပါသည်။
- လူနာများသည် ရေဖန်ခွက်များစွာသောက်ရန် လိုအပ်ပြီး စစ်ဆေးမှုမပြုလုပ်မီ ဆီးသွားခြင်းကို ရှောင်ရှားရန် လိုအပ်ပါသည်။
- ဓမ္မတာလာနေစဉ်အတွင်း Mammogram ရိုက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ (ဓမ္မတာမပေါ်မီ သို့မဟုတ် 7 ရက်အကြာ)
- စမ်းသပ်မှုမပြုမီ ပေါင်ဒါမှုန့်များ၊ လိမ်းဆေးများ သို့မဟုတ် ရေမွှေးများကို လက်မောင်း သို့မဟုတ် ရင်သားအောက်ပိုင်းများတွင် အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
Operating Hours :
တနင်္လာ မှ တနင်္ဂနွေ၊ မနက် ၀၇း၀၀ မှ ၁၇း၀၀ ထိဖွင့်ပါသည်။
Bangpakok 9 International Hospital ၏ တတိယထပ်၊ Check Up Center
နောက်ထပ်အချက်အလက်များအတွက်:
တယ်လီဖုန်း : +662–109–9111 ext. 10300, 10302
Fax : 02-877-2222
Call Center : 1745