Bangpakok Hospital
  • A
  • A
  • A
BPK Hotline

Cosmetic Dentistry


Veneering လုပ်ခြင်း

Veneeringလုပ်ခြင်းသည် သွားမျက်နှာပြင်ကို သွားဖက်ဆိုင်ရာကြွေထည်များဖြစ်သော (PORCELAIN)၊ Emax သို့မဟုတ် Zirconia ဖြင့်ဖုံးအုပ်ပြီး အမျိုးမျိုးသော၊ ပုံမှန်မဟုတ်သော သွားများကို လှပပြီးတာရှည်ခံအောင် ပြုပြင်ခြင်းဖြစ်ပါသည်။


Tooth whitening (သွားများဖြူအောင်ပြုလုပ်ခြင်း)

နဂိုရှိရင်းစွဲသွားအရောင်ထက် ပိုမိုဖြူစင်လှပစေရန်အတွက် သွားဖြူစေသောထုတ်ကုန်များကို အသုံးပြုခြင်းအားဖြင့် သွားဖြူစင်မှုကိုမြှင့်တင်နိုင်ပါသည်။
အဝါရောင်သမ်းနေသော မတောက်ပတဲ့ သွားတွေရဲ့အရောင်ကို ဖြူဖွေးတဲ့သွားတွေအဖြစ် ပြောင်းလဲနိုင်ဖို့နှင့် သွားများတောက်ပြောင်ပြီး ယုံကြည်မှုရှိရှိပြုံးနိုင်စေရန်အတွက် သွားဆေးခန်းသို့သွားရောက်ကာ သွားဆရာဝန်နဲ့တိုင်ပင်ဆွေးနွေး၍ ပြုလုပ်နိုင်သလို မိမိနေအိမ်မှာလည်းအိမ်တွင်းကုထုံးများဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်ပါသည်။

Teeth whitening with cool light (Cool Light အားအသုံးပြု၍ သွားများဖြူအောင်ပြုလုပ်ခြင်း)

သွားများဖြူစင်စေရန်အတွက် သွားများအပေါ်ကို သွားဖြူစင်ဆေးဂျယ်ဖြင့်ဖုံးအုပ်ပြီး LED light ကိုအသုံးပြု၍ ကုသသောနည်းလမ်းဖြစ်ပါသည်။ ထို LED light သည် ဂျယ်အတွင်းပါရှိသော အရာများကိုကြွလာစေမည်ဖြစ်ပြီး သွား၏နဂိုရှိရင်းစွဲအရောင်ကိုကွဲအက်စေပြီး သွားများကို ပိုမိုဖြူဝင်းတောက်ပစေပါသည်။

Cool light whitening လုပ်ခြင်း၏ကောင်းကျိုးများ 

  • ဤလုပ်ထုံးလုပ်နည်းသည် ၁ နာရီခန့်ကြာမြင့်ပြီး ပထမအကြိမ်မှာတင်ပြောင်းလဲမှုကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ (***မပြုလုပ်ခင်က သင့်သွား၏အရောင်ပေါ်မူတည်၍ ရလဒ်ကွဲပြားနိုင်ပါသည်။)
  • သွားဆရာ၀န်မှ Cool light whitening ကိုမပြုလုပ်မီ သွားဖုံးပေါ်တွင် HARD GEL ကို လိမ်းထားပေးသောကြောင့် သွားဖုံးများကိုထိခိုက်နာကျင်မှုမရှိစေပဲ Whitening Agent ၏ အကျိုးသက်ရောက်မှုမှလည်း ကာကွယ်ပေးထားနိုင်ပါသည်။
  • ရလဒ်များကြာရှည်ခံစေရန်အတွက်၊ မိမိနေအိမ်တွင် Home Bleaching Whitening Kit ကိုအသုံးပြုရန် အကြံပြုအပ်ပါသည်။

Cool light whitening လုပ်ခြင်း၏ဆိုးကျိုးများ

  • အိမ်တွင်းသွားဖြူကုထုံးများထက် ကုန်ကျစရိတ်ပိုများနိုင်ပါသည်။
  • သွားများဖြူလာလျှင် 6 လမှ 12 လအတွင်းသာ ကြာရှည်ခံနိုင်ပါသည်။
  • Clinical teeth whitening လုပ်ခြင်းသည် ပြင်းထန်နိုင်သောကြောင့် သွားများထုံကျဥ်ခြင်းကို ဖြစ်စေနိုင်သော်လည်း သွားအကြောများသည် အခြေအနေများကိုထိန်းညှိပေးပြီး  ‌‌ အလိုအလျောက်သက်သာသွားမည်ဖြစ်ပါသည်။

Cool light whitening လုပ်ပြီးနောက် ဆောင်ရန် ရှောင်ရန်များ

  • လက်ဖက်ရည်၊ ကော်ဖီ၊ ဝိုင်နီ စကဲ့သို့သော သွားများကို စွန်းထင်းစေသော အစားအသောက်နှင့် အဖျော်ယမကာများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းအပြင် အနည်းဆုံး ၁ ပတ်ခန့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
  • အပူအအေး လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပါ။
  • အစပ်များသောအစားအစာများ သို့မဟုတ် လိမ္မော်သီးများကဲ့သို့သော အက်စစ်ဓာတ်လွန်ကဲသော အစားအစာများကိုရှောင်ကြဉ်ပါ။
  • အကိုက်အခဲပျောက်ဆေးများသောက်ခြင်းသည် သွားနာကျင်မှုကိုလျှော့ချပေးနိုင်ပါသည်။
  • ဖလိုရိုက်မြင့်မားသောသွားတိုက်ဆေးကို အသုံးပြုခြင်းသည် သွားများထိခိုက်လွယ်မှုကို လျှော့ချပေးနိုင်ပါသည်။
  • မှန်ကန်သောနည်းလမ်းဖြင့် သွားသန့်ရှင်းမှုကိုထိန်းသိမ်းခြင်းသည် အချိန်ကြာရှည်စွာဖြူစင်မှုကို ထိန်းသိမ်းရန် အထောက်အကူဖြစ်စေပါသည်။
Home Bleaching Whitening
  • သွားဆရာဝန်သည် teeth whitening tray ကို ပြုလုပ်ရန် သွားများ၏အခြေအနေကိုစစ်ဆေးပြီး ပုံစံရယူမည်ဖြစ်ပါသည်။
  • Technician Lab သည် သီးခြားလူနာများအတွက် teeth whitening trayများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။
  • ထို့နောက် သွားဆရာဝန်မှ အသုံးပြုနည်းနှင့်ဂရုစိုက်နည်းကို ပြောပြပေးမှာ ဖြစ်ပါသည်။
  • လူနာများသည် အိမ်တွင် သွားဖြူစင်ဆေးဂျယ်ကို teeth whitening tray ပေါ်တွင် တင်ကာ တစ်ကြိမ်လျှင် ၅ နာရီမှ ၈ နာရီကြာ ၀တ်ဆင်ခြင်းဖြင့် Home Bleaching Whitening ကိုပြုလုပ်နိုင်ပါသည်။

Home Bleaching Whitening ၏အားသာချက်များ

  • အိမ်မှာတင်လုပ်လို့ရတဲ့ ရိုးရှင်းတဲ့နည်းဖြစ်ပါသည်။
  • ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပေမဲ့ စိတ်ချရပါသည်။
  • သွားဖြူစင်ခြင်းကြောင့် သွားများထိခိုက်လွယ်နိုင်ခြေ နည်းပါသည်။
မှတ်ချက် *သွားဖြူစင်ခြင်းအတွက် Cool light whitening နှင့် Home Bleaching Whitening လုပ်ခြင်း၏ ရလဒ်များသည် တစ်ဦးချင်းစီ၏ သွားအခြေအနေအပေါ် မူတည်နိုင်ပါသည်။*
 

Operating hours :
အပတ်စဉ် တနင်္လာမှတနင်္ဂနွေ မနက် ၉း၀၀ မှ ၂၀း၀၀ နာရီအထိ။

(ကြိုတင်​ချိန်းဆို​မှုများအတွက် ဖုန်းဆက်​​နိုင်ပါသည်။)

သွားနှင့်ခံတွင်းဌာန၊ ၆လွှာ၊ Bangpakok 9 International ဆေးရုံ

ဆက်သွယ်ရန် :

တယ်လီဖုန်း 02-109-9111 ext. 10653, 10654 သို့မဟုတ် 090-198-7692, 061-420-2818

Fax: 02–109-9126 ext. 10651

Go to top
Copyright © 2019 Bangpakok Hospital All rights reserved.