Bangpakok Hospital
  • A
  • A
  • A
BPK Hotline

Cardiopulmonary Rehabilitation


ကျွန်ုပ်တို့၏ပြန်လည်ထူထောင်ရေးစင်တာသည် နှလုံးရောဂါဝေဒနာရှင်များနှင့် အဆုတ်ရောဂါများ သို့မဟုတ် နှလုံး/အဆုတ်နဲ့ပတ်သက်၍ ပုံမမှန်မှုများရှိနေသည့် လူနာများအတွက် ကျယ်ပြန့်သောချဉ်းကပ်မှုတစ်ခုကို ပေးပါသည်။ ဤကုသမှုသည် ဆေးရုံခုတင်ပေါ်တွင် အကြာကြီးနေထိုင်ပြီးနောက် အရင်းခံရောဂါများ လျော့ပါးစေရန်အတွက် လူနာ၏ရွေ့လျားသွားလာမှုကို ပြန်လည်ကောင်းမွန်စေခြင်းအပေါ်  အဓိကထားလုပ်ဆောင်ပါသည်။ အထူးရုပ်ပိုင်းဆိုင်ရာကုထုံးနည်းပညာများမှာ အနေအထားစီစဉ်ခြင်း၊ အဆုတ်အတွင်းရှိ လေလမ်းကြောင်းများကို တုန်ခါစေပြီး ချောင်းဆိုးခြင်းကို သက်သာစေကာ ချွဲသလိပ်များကို ပြေလျော့စေရန် အတွက်လေ့ကျင့်သင်ကြားပေးပါသည်။ ကုသပေးသော အခြေအနေများ၏ ဥပမာများမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

  • လေပြွန်ကျဉ်း၍ အဆုတ်ပွ‌‌သော COPD ရောဂါ
  • အာရုံကြောခွဲစိတ်ထားသောလူနာ
  • နှလုံးသွေးကြောကျဉ်းရောဂါ
  • နှလုံးသွေးကြောကျဉ်းနှင့် နှလုံးသွေးကြောပိတ်ဆို့ခြင်းကို ခွဲစိတ်ထားသောလူနာ
  • အဆုတ်တွင်း ပြည်တည်နာရောဂါများ (Lung abscess, Empyema, Bronchiectasis)

ကုသမှု၏ရည်ရွယ်ချက်

ပြင်းထန်သော နှလုံးရောဂါ သို့မဟုတ် အဆုတ်နာ သို့မဟုတ် ခွဲစိတ်မှုမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ဆေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကိုလည်း ကိုင်တွယ်ဖြေရှင်းထားကြောင်း သေချာစေရန်။ ကျွန်ုပ်တို့၏အဖွဲ့သည် လူနာအား အိမ်တွင် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက် ကူညီပေးရန် ရည်ရွယ်ပါသည်။

ဘယ်သူတွေ ကုသမှုခံယူသင့်လဲ ?

အဆိုပါ အစီအစဉ်သည် နှလုံးရောဂါခံစားရဖူးသော လူနာများ သို့မဟုတ် အဆုတ်ရောဂါများ သို့မဟုတ် နှလုံး/အဆုတ်နဲ့ပတ်သက်၍ ပုံမမှန်မှုများ ရှိနေသည့် လူနာများအတွက် ဖြစ်ပါသည်။

Equipment

  • မျဉ်းပြိုင်ဘား
  • BOSU လေ့ကျင့်ခန်း
  • လေ့ကျင့်ခန်းဘောလုံး
  • စက်ဘီး ergometer
  • Theraband
  • Gait aids ဥပမာ၊ လမ်းလျှောက်တုတ်၊ သုံးချောင်းထောက်
  • TENS၊ SWD၊ US၊ Laser စသည်ဖြင့်။
  • Hot pack
  • Shoulder wheel
  • Shoulder pulley
  • သဲအိတ်၊ dumbbell
  • Chest vibrator

 ကုသမှု

ကျွန်ုပ်တို့၏ပြန်လည်ထူထောင်ရေးစင်တာသည် တစ်ဦးချင်းအလိုက်သီးသန့် ကုသမှုအစီအစဉ်များကို ချမှတ်ထားပြီး ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ပြန်လည်ထူထောင်ရေး၏ကြာချိန်သည် ရောဂါလက္ခဏာများ၏ပြင်းထန်မှုနှင့် လူနာ၏ပြန်လည်ထူထောင်ရေးပန်းတိုင်အပေါ် မူတည်၍ ကွဲပြားပါလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာကုထုံးများကို ကုသနေသောဆရာဝန်မှ သတ်မှတ်ထားသည့် ဆေးဝါးကုသမှုနှင့် ညှိနှိုင်းဆောင်ရွက်ပါသည်။ လူနာ၏အခြေအနေနှင့် စွမ်းဆောင်ရည်ကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ပြီးနောက် လည်ပတ်မှုအကြိမ်ရေကို ဆုံးဖြတ်မည်ဖြစ်ပြီး၊ ပုံမှန်အားဖြင့် ကာယကုထုံးအပိုင်းတစ်ခုစီသည် ခန့်မှန်းခြေ ၁ နာရီခန့်ကြာမြင့်ပါသည်။

Operating Hours :

တနင်္လာ မှ တနင်္ဂနွေ၊ 08:00 မှ 20:00 ထိဖွင့်သည်။

ပြန်လည်ထူထောင်ရေးစင်တာ၊ Bangpakok 9 International Hospital ၏ ၆ လွှာ

နောက်ထပ်အချက်အလက်များအတွက်:

တယ်လီဖုန်း : +662–109–9111 ext. 10627, 10628

Call Center : 1745

 
Go to top
Copyright © 2019 Bangpakok Hospital All rights reserved.