Pediatric Health Checkup
ကလေး ကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ်
PEDIATRICS HEALTH CHECKUP PROGRAM

Q. ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်တွေမှာ ဘယ်အသက်အရွယ်အပိုင်းအခြားတွေကို စစ်ဆေးပေးတာလဲ?
A. စစ်ဆေးမှုများကို အသက်အရွယ်အလိုက် အုပ်စု (၃) စု ခွဲခြားထားပါသည်။
- Program A - အသက် ၁ နှစ်မှ ၅ နှစ်အထိ
- Program B - အသက် ၆ နှစ်မှ ၁၁ နှစ်အထိ
- Program C - အသက် ၁၁ နှစ်မှ ၁၅ နှစ်အထိ
Q. သွားနှင့်ခံတွင်း စစ်ဆေးမှုက အစီအစဉ်အားလုံးမှာ ပါဝင်ပါသလား?
A. သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ပြသစစ်ဆေးခြင်းမှာ အစီအစဉ် (၃) ခုလုံးတွင် ပါဝင်ပါသည်။ သို့သော် သွားနှင့်မေးရိုးဓာတ်မှန် (Dental Panoramic X-ray) ရိုက်ကူးခြင်းကိုမူ Program B နှင့် C တွင်သာ ထည့်သွင်းထားပါသည်။
Q. မျက်စိစစ်ဆေးခြင်းကို ဘယ်အစီအစဉ်မှာ ရရှိနိုင်မလဲ?
A. အရောင်ခွဲခြားနိုင်မှု စစ်ဆေးခြင်းနှင့် မျက်လုံးအတွင်းပိုင်း စစ်ဆေးခြင်းများ အပါအဝင် အသေးစိတ် မျက်စိစစ်ဆေးမှုများကို Program B နှင့် Program C တို့တွင်သာ စစ်ဆေးပေးမည်ဖြစ်ပါသည်။
Q. အသည်းရောင်အသားဝါ (ဘီ) ပိုး စစ်ဆေးခြင်း ပါဝင်ပါသလား?
A. ဟုတ်ကဲ့၊ အသည်းရောင်အသားဝါ (ဘီ) ပိုး ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပိုးခုခံအား ရှိ/မရှိ စစ်ဆေးခြင်းတို့မှာ အစီအစဉ် (၃) ခုလုံးတွင် ပါဝင်ပါသည်။
Q. သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ကို အသေးစိတ်စစ်ဆေးချင်ရင် ဘယ်အစီအစဉ်ကို ရွေးချယ်သင့်လဲ?
A. Program C ကို ရွေးချယ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် Program C တွင်သာ သွေးတွင်းသကြားဓာတ် (FBS)၊ ကိုလက်စထရော (Cholesterol)၊ ထရိုင်ဂလစ်စရိုက် (Triglyceride) နှင့် အကျိုးပြု/အကျိုးမဲ့ အဆီဓာတ် (HDL/LDL) စစ်ဆေးမှုများ အစုံအလင် ပါဝင်သောကြောင့်ဖြစ်ပါသည်။
Q. ဖော်ပြပါ ဈေးနှုန်းတွေထဲမှာ ဆရာဝန်ခနဲ့ ဆေးရုံဝန်ဆောင်ခတွေ ပါပြီးသားလား?
A. ဟုတ်ကဲ့၊ အထက်ပါဈေးနှုန်းများတွင် ဆရာဝန်စမ်းသပ်စစ်ဆေးခနှင့် ဆေးရုံဝန်ဆောင်ခများ ပါဝင်ပြီးဖြစ်ပါသည်။
Q. မြန်မာဘာသာစကားနဲ့ အသေးစိတ်သိရှိလိုပါက ဘယ်လိုဆက်သွယ်ရမလဲ?
A. BPK9 Myanmar Channel ဖုန်းနံပါတ် +66800867442 သို့လည်းကောင်း၊ အီးမေးလ် [email protected] သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Q. ပရိုမိုးရှင်းဈေးနှုန်းတွေက ဘယ်အချိန်ထိ အကျုံးဝင်တာလဲ?
A. ဤအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရရှိနိုင်ပါသည်။
အချိန်မီ စစ်ဆေးလိုက်ပါ – သင့်ကလေးကျန်းမာရေးအတွက် အကောင်းဆုံးသော ရွေးချယ်မှုနဲ့အတူ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်မှာပါ!
ဆရာဝန် နှင့်ပတ်သတ်ပြီး စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
Email: [email protected]
တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
BPK9 International Hospital – Heart of Care