Men's Health Check-up Package
အမျိုးသား ကျန်းမာရေးစစ်ဆေးမှု
MEN'S HEALTH CHECKUP PACKAGE

အမျိုးသားတိုင်းအတွက် ကျန်းမာရေးစစ်ဆေးမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း?
အမျိုးသားတစ်ဦး၏ ဘဝတွင် တာဝန်ဝတ္တရားများနှင့် အလုပ်ဖိအားများကြား၌ မိမိကိုယ်ကိုယ် ဂရုစိုက်ရန် မေ့လျော့နေတတ်ကြပါသည်။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းသည် ရောဂါဝေဒနာများကို မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရုံသာမက တက်ကြွလန်းဆန်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ရန် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။
အမျိုးသားများအတွက် စစ်ဆေးသင့်သည့် အဓိကအချက်များ
-
Testosterone ဟော်မုန်း - အမျိုးသားတို့၏ ကြွက်သားထုထည်၊ အရိုးသိပ်သည်းဆနှင့် စွမ်းဆောင်ရည်ကို ထိန်းညှိပေးသည့် အဓိကဟော်မုန်းဖြစ်ပါသည်။
-
PSA (ဆီးကျိတ်ကင်ဆာ အညွှန်းကိန်း) - အမျိုးသားများတွင် အဖြစ်များသော ဆီးကျိတ်ကင်ဆာကို အစောတလျင် သိရှိနိုင်ရန် အလွန်အရေးကြီးပါသည်။
-
နှလုံးနှင့် သွေးကြောစနစ် - သွေးတွင်းအဆီဓာတ်နှင့် နှလုံးလျှပ်စစ်လှိုင်း (EKG) စစ်ဆေးခြင်းဖြင့် ရုတ်တရက်နှလုံးရပ်ခြင်းနှင့် အခြားနှလုံးရောဂါများကို ကာကွယ်နိုင်ပါသည်။
ဘယ်သူတွေ စစ်ဆေး ဖို့ သင့်တော်လဲ?
အသက် ၂၅ နှစ် မှစ၍ တက်ကြွတဲ့လူငယ်ပိုင်းများအပြင် အသက် ၄၀ ကျော် မိသားစုဦးစီးသူများပါ တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်တဲ့ အစီအစဉ်ဖြစ်ပါတယ်။
အချိန်မီ စစ်ဆေးလိုက်ပါ – သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေပါမယ်
ဆရာဝန် နှင့်ပတ်သတ်ပြီး စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
Email: [email protected]
တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
BPK9 International Hospital – Heart of Care