Bangpakok Hospital
  • A
  • A
  • A
BPK Hotline

HPV vaccine သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး



HPV ရောဂါ နှင့် ကာကွယ်ဆေး အကြောင်း သင်သိပြီးပါပြီလား?

HPV (Human Papillomavirus) သည် သားအိမ်ခေါင်းကင်ဆာ၏ အဓိကအကြောင်းအရင်း ဖြစ်ပြီး လိင်မှတဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ HPV ကူးစက်မှုဟာ အရေပြားနှင့် အရေပြား တိုက်ရိုက်ထိတွေ့မှု မှတဆင့် ဖြစ်ပြီး အဓိကအားဖြင့် လိင်ဆက်ဆံမှု (genital, anal and oral contact) နဲ့ ကူးစက်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

HPV ကာကွယ်ဆေး – အသက် ၉ နှစ်အရွယ်မှ စတင်၍ အမျိုးသား၊ အမျိုးသမီး တိုင်း ထိုးနိုင်သည်။
Pap smear စစ်ဆေးမှု – ကာကွယ်ဆေး ထိုးပြီးနောက် အမျိုးသမီးများအတွက် အသက် ၂၁ နှစ်မှစ၍ ၃ နှစ်တစ်ကြိမ် ပုံမှန် စစ်ဆေးသင့်ပါသည်။
ပုံမှန် စစ်ဆေးမှုPap smear / HPV DNA စစ်ဆေးမှုဖြင့် အစောပိုင်း တွင် တွေ့နိုင်ပါသည်။
ကာကွယ်နည်း သုံးခြင်း – ကွန်ဒုံး သုံးခြင်းက ကူးစက်မှု လျော့ချပေးနိုင်သော်လည်း ၁၀၀% မ ကာကွယ်နိုင်ပါ။
ကျန်းမာသော နေထိုင်ပုံစံ – အရက် နှင့် ဆေးလိပ် အလွန်အကျွံ သုံးစွဲမှုကို လျော့ချခြင်း၊ အာဟာရ    ပြည့်ဝစွာ စားသုံးခြင်း၊ ပုံမှန် အားကစားပြုလုပ်ခြင်း။ 

HPV ကြောင့် ဖြစ်နိုင်သည့် ရောဂါနှင့် အန္တရာယ်များ

  • သားအိမ်ခေါင်း ကင်ဆာ
  • ယောနိ ကင်ဆာ
  • စအို ကင်ဆာ
  • အမျိုးသား လိင်အင်္ဂါ ကင်ဆာ
  • လိင်အင်္ဂါ ကြွက်နို့
အမျိုးသမီးတွေမှာ များသောအားဖြင့် ရင်သားကင်ဆာပြီးရင် သားအိမ်ခေါင်းကင်ဆာက ဒုတိယလိုက်လာတတ်ပါတယ်။ သို့သော် သားအိမ်ခေါင်းကင်ဆာဖြစ်စေမယ့် ကင်ဆာဆဲလ်တွေကို စောစောရှာတွေ့ပြီး မပြန့်ပွားအောင် တားဆီးနိုင်မယ် ဆိုရင် ကာကွယ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့် HPV ကင်ဆာစစ်ဆေးခြင်းနည်းလမ်းနဲ့ ပုံမှန်စစ်ဆေးသွားဖို့ လိုအပ်ပါတယ်။ HPV DNA ကင်ဆာစစ်ဆေးခြင်းနည်းလမ်းဟာ ဤကင်ဆာအမျိုးအစားနဲ့ပတ်သက်ပြီး ဘယ်လို စိုးရိမ်မှုမျိုးကိုမဆို စိတ်အေးရအောင် စစ်ဆေးပေးနိုင်ပါတယ်






Go to top
Copyright © 2019 Bangpakok Hospital All rights reserved.