BPK9 International Hospital နှင့် uab Bank တို့ ပူးပေါင်းကျင်းပမည့် “Midlife Health & Wellness Focus” Health Talk
Midlife Health & Wellness Focus |ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ
✨ လူလတ်ပိုင်းအရွယ်မှစပြီး ကျန်းမာရေးကို ပိုမိုဂရုစိုက်ပါ
အသက်အရွယ်ရလာသည်နှင့်အမျှ ဟော်မုန်းပြောင်းလဲမှုများ၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ကျန်းမာရေးအခြေအနေများကို ပိုမိုဂရုစိုက်ရန် လိုအပ်လာပါတယ်
ထို့ကြောင့် BPK9 International Hospital × uab Bank တို့ ပူးပေါင်းကျင်းပမည့် “Midlife Health & Wellness Focus” Health Talk တွင် လူလတ်ပိုင်းအရွယ်နှင့် အသက်ကြီးသူများအတွက် သိထားသင့်သော ကျန်းမာရေးဗဟုသုတများကို အထူးကုဆရာဝန်ကြီးများထံမှ တိုက်ရိုက်နားထောင်၊ မေးမြန်းပြီး လေ့လာနိုင်မည်ဖြစ်ပါတယ်✨
Dr. Sirikarn Nitedvoravit, MD.
ဆီးချို၊ ဟော်မုန်းနှင့် အထွေထွေရောဂါ အထူးကု
ဆီးချို၊ ဟော်မုန်းနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ကျန်းမာရေးအတွက် သိထားသင့်သော အရေးကြီးသည့်အချက်များကို မျှဝေဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
Dr. Vongsathorn Rojanapaitoon, MD.
ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ အထူးကု
ဆီးလမ်းကြောင်းကျန်းမာရေးနှင့် အမျိုးသား၊ အမျိုးသမီးတို့အတွက် သိထားသင့်သော အရေးကြီးသည့် ကျန်းမာရေးအချက်များကို မျှဝေပေးသွားမည်ဖြစ်ပါသည်။
✨ဒီ Midlife Health & Wellness Focus မှာ သင့်အတွက် ဘာတွေ ရှိနိုင်မှာလဲ?
-
လူလတ်ပိုင်းအရွယ်တွင် ကြုံတွေ့နိုင်သည့် ကျန်းမာရေးပြဿနာများအကြောင်း သိရှိနိုင်ခြင်း
-
အထူးကုဆရာဝန်ကြီးများထံမှ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို တိုက်ရိုက်နားထောင်နိုင်ခြင်း
-
Special Gifts များ ရရှိနိုင်ခြင်း
-
Lucky Draw အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ခြင်း
-
BPK9 Buy 1 Get 1 Check-Up Package အထူးအစီအစဉ်ကို ရရှိနိုင်ခြင်း
-
uab Bank မှ မိတ်ဆွေများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များကိုလည်း ပါဝင်မျှဝေပေးသွားမည်ဖြစ်ပါသည်။
Why Midlife Health Matters
လူလတ်ပိုင်းအရွယ်မှစပြီး အသက်အရွယ်ရလာသည်နှင့်အမျှ ရောဂါဖြစ်လာမှ ကုသခြင်းထက် ကြိုတင်စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းကို အလေးထားခြင်း သည် အရေးကြီးပါသည်။
မိမိကိုယ်တိုင်သာမက မိသားစုဝင်များအတွက်ပါ အသုံးဝင်မည့် ကျန်းမာရေးဗဟုသုတများကို အထူးကုဆရာဝန်ကြီးများထံမှ တိုက်ရိုက်လေ့လာနိုင်မည့် အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့✨
ပွဲအသေးစိတ်အချက်အလက်များ
Date: 4 October 2026 (Sunday)
Time: 9:00 AM – 11:00 AM
Venue: uab Tower @ Times City
Location: Office Tower 2, Level 23, Kyun Taw Road, Kamayut Township, Yangon
For inquiries and to contact a doctor -
Heart of Care Essential Care for You