ကလေးအထူးကု စင်တာ
ကလေးအထူးကုဆရာဝန်များသည် ကလေးကို စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရက်ချိန်းများအပါအဝင် ကလေးအား အထူးကုစောင့်ရှောက်မှုအပြည့်အစုံကို တစ်နေ့လျှင် 24 နာရီ ဆောင်ရွက်ပေနေပါသည်။ စင်တာတွင် မွေးကင်းစအရွယ်မှ ဆယ်ကျော်သက်အရွယ်အထိ ကုသနိုင်ပြီး အတွေ့အကြုံရှိသော ကလေးအထူးကုအဖွဲ့ရှိပါသည်။ ကျွန်ုပ်တို့၏ အထူးဆေးခန်းသည် မွေးကင်းစမှဆယ်ကျော်သက်အရွယ်အထိ ကျန်းမာသောကလေးများ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောကိရိယာများကို တပ်ဆင်ထားပေးပါသည်။ ကျွန်ုပ်တို့၏စောင့်ရှောက်မှုအဖွဲ့သည် ကလေးများနှင့် မိဘများအတွက်သက်တောင့်သက်သာရှိသော၊ ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သောဝန်ဆောင်မှုများကို ပေးဆောင်သွားနိုင်ရန်ကတိပြုပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
- ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
- ကလေးဓာတ်မတည့်မှုရောဂါနှင့် ကိုယ်ခံအားဆိုင်ရာ
- ကလေးဟိုမုန်းဂလင်းစနစ်များအတွက်
- ကလေးနှလုံးရောဂါ
- ကလေးအာရုံကြောဆိုင်ရာရောဂါ
- ကလေးသွေးရောဂါ
- ကလေး အစာအိမ်ရောဂါ
- ကလေးခွဲစိတ်ကုသမှုများ
- ကလေးနှင့် ဆယ်ကျော်သက် စိတ်ရောဂါကုပညာ
- ကလေးဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ ကျွမ်းကျင်သူများ
- ကလေးအရေပြား အထူးကုဆရာဝန်
ကလေးအထူးကုဆေးခန်း
1. ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကလေးဖွံ့ဖြိုးမှုအကဲဖြတ်ခြင်း- ကာကွယ်ဆေးထိုးခြင်း
- ကာကွယ်နိုင်သောရောဂါများအတွက် ထိုင်းတော်ဝင်ကလေးအထူးကုကောလိပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း ကလေးတိုင်းအတွက် မရှိမဖြစ်
လိုအပ်သည့် ကာကွယ်ဆေးများ- တီဘီ၊ မေးခိုင်၊ ဆုံဆို့နာ၊ ကြက်ညှာ၊ ပိုလီယို၊ ဝက်သက်နှင့် ပါးချိတ်၊ ဂျိုက်သိုး၊ အသည်းရောင်ဘီ၊ ဂျပန် ဉီးနှောက်အမြှေးရောင်ရောဂါ၊ ရေကျောက်
- နောက်ထပ် ကာကွယ်ဆေးများ ပါဝင်သည်မှာ - ဥပမာ HIV ကာကွယ်ဆေး၊ ရိုတာဗိုင်းရပ်စ်၊ တုပ်ကွေး၊ IPD နှင့် သားအိမ်ခေါင်းကင်ဆာ အစရှိသည်ဖြင့်...
ဝန်ဆောင်မှုပေးသော အချိန်များ
တနင်္လာ မှ တနင်္ဂနွေ၊ 08.00 – 20.00 နာရီ ဖွင့်သည်။
ကလေးအထူးကုစင်တာ၊ Bangpakok 9 နိုင်ငံတကာဆေးရုံ ၏ ၂လွှာ
ပိုမိုသိရှိလိုပါက
တယ်လီဖုန်း +662–109–9111 ext.10240, 10241
ဖုန်းခေါ်ဆိုစင်တာ 1745