နား နှာခေါင်း လည်ချောင်း စင်တာ
Bangpakok 9 နိုင်ငံတကာဆေးရုံရှိ နား၊နှာခေါင်းနှင့်လည်ချောင်းစင်တာသည် နား၊နှာခေါင်းနှင့်လည်ချောင်းတို့ကို ကုသပေးရာတွင် အထူးကျွမ်းကျင်သောအဖွဲ့တစ်ခုဖြစ်ပါသည်။ နိုင်ငံတွင်းရော နိုင်ငံတကာမှာပါ ထုတ်ဝေခဲ့တဲ့ သုတေသနစာတမ်းများနှင့် မူပိုင်ခွင့်တင်ထားသော လက်ရာများလည်း ရှိပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရင့် ခွဲစိတ်ဆရာဝန်အဖွဲ့သည် အသိပညာ၊ ရောဂါရှာဖွေခြင်းနှင့် ခွဲစိတ်ကုသခြင်းဆိုင်ရာ စွမ်းရည်များရှိပါသည်။ နား၊ နှာခေါင်း၊ လည်ချောင်းစင်တာရှိ အသက်အရွယ်မရွေး လူနာများအား ကမ္ဘာ့အဆင့်မီ ဆေးဘက်ဆိုင်ရာအဖွဲ့မှ ခေတ်မီကိရိယာများဖြင့် တိကျသေချာသော ကုသမှုဖြင့် လူနာများအား ကောင်းမွန်သောစောင့်ရှောက်မှုကို ပေးဆောင်နိုင်ရန်အာမခံပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
နားနှင့်အကြားအာရုံစင်တာသည် အကြားအာရုံပြဿနာများ၊ ခန္ဓာကိုယ်ဟန်ချက်နှင့်ညီသော အကြားအာရုံအာရုံကြောများနှင့် မျက်နှာအာရုံကြောများ၊ နားအတွင်းအလုပ်လုပ်ပုံ စစ်ဆေးခြင်း(OAE)၊ နားအကြားစနစ် ဉီးနှောက်လိုင်းများအလုပ်လုပ်ပုံ (ABR) စမ်းသပ်မှု၊ မွေးကင်းစကလေးငယ်များအတွက် စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ စင်တာမှ နားရွက်ပြင်ပ၊ အလယ်နှင့် အတွင်းပိုင်း ခွဲစိတ်မှု၊ နားအလယ်ရိုးခွဲစိတ်ကုသ အစားထိုးခြင်း(PORP)၊ နားရိုးများခွဲစိတ်ကုသ အစားထိုးခြင်း(TORP) နှင့် နားစည်အစားထိုးခြင်းများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် ကုသခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပါဝင်သည်မှာ :
- နားပိုးဝင်ခြင်းကို စစ်ဆေးခြင်းနှင့် ကုသခြင်း
- နားအလယ်နှင့် အတွင်းပိုင်း၏ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးကုသခြင်း
- ခန္ဓာကိုယ် ဟန်ချက်ညီ အကြားအာရုံ ဦးနှောက်အာရုံကြောများ
- အသံထုတ်လွှတ်မှု အကြားစနစ်စမ်းသပ်မှု
- အသံကြောင့် ဉီးနှောက်လှိုင်းများ ထုတ်လွှင့်တုံပြန်မှု
- အသံနှုန်းဖြင့် တိုင်းတာစစ်ဆေးခြင်း
- နားကြားကိရိယာတပ်ဆင်ခြင်း (ကြိုတင်ရက်ချိန်ပေးပါရန်။)
- နားအကြားစွမ်းရည် စစ်ဆေးခြင်း
- နားစည်အစားထိုး ခွဲစိတ်ကုသခြင်း
နှာခေါင်းနှင့်အနံ့ခံအာရုံ ဆေးခန်းသည် နှာခေါင်း၏လုပ်ငန်းဆောင်တာနှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ အသက်ရှူခြင်းမှ အနံ့ခံခြင်း၊ စူးရှပြီး နာတာရှည်ဖြစ်သည့် အအေးမိခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာ၊ နှာရည်ယိုခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်းစသည့် ပြဿနာများကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကုသပေးပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပါဝင်သည်မှာ :
- ရှေ့နှင့်နောက်ဘက် နှာနားစပ် လည်ချောင်းရိုး စစ်ဆေးခြင်း
- အမာသား သို့မဟုတ် ဖိုက်ဘာဖြင့် နှာခေါင်းမှန်ပြောင်းဖြင့် ကြည့်ခြင်း
- နှာခေါင်းလေစီးကြောင်းတိုင်းတာခြင်း
- အနံ့ခံစမ်းသပ်မှု
- နှာနုရိုးနှင့် အာခေါင်တွင်း အကျိတ်များ ခွဲစိတ်မှု
- ထိပ်ကပ်နာ ခွဲစိတ်မှု
ဦးခေါင်းနှင့်လည်ပင်းစင်တာသည် ရောဂါပိုးများ၊ အကျိတ်များနှင့် ကင်ဆာအကျိတ်များကဲ့သို့သော ဦးခေါင်းနှင့်လည်ပင်းရောဂါများနှင့် ပုံမမှန်များအတွက် စစ်ဆေးခြင်းနှင့် ကုသခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပါဝင်သည်မှာ :
- လည်ပင်းပိုးဝင်ခြင်းအား စစ်ဆေးအကဲဖြတ်ခြင်း
- အပေါ်ပိုင်းလေလမ်းကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် လေပြွန်ထည့်ခြင်း
- အမာသား သို့မဟုတ် ဖိုက်ဘာဖြင့် လေပြွန်ကြည့်ခြင်း
- ဦးခေါင်းနှင့် လည်ပင်းနေရာရှိ အကျိတ်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကုသခြင်း
- သိုင်းရွိုက်အဖုများ၊ သိုင်းရွိုက်အဆီလွန်ကဲခြင်းနှင့် အခြားသိုင်းရွိုက်ရောဂါများကဲ့သို့သော သိုင်းရွိုက်အနာများကို ဖယ်ရှားရန် စစ်ဆေးအကဲဖြတ်ခြင်းနှင့် ခွဲစိတ်ခြင်း
- တံတွေးဂလင်းရောင်ရမ်းခြင်း၊ အကျိတ်များနှင့် အကျိတ်များကဲ့သို့သော တံတွေးဂလင်းများကို ဖယ်ရှားရန် စစ်ဆေးအကဲဖြတ်ခြင်းနှင့် ခွဲစိတ်ခြင်း
- အာခေါင်၊ ပါးစောင်အဆီဖုံးခြင်း၊ လျှာ၊ သွားဖုံး၊ ပိုးဝင်ခြင်း၊ ကြွက်နို့၊ အဖု၊ ဖောင်းပွခြင်းနှင့် စသကဲ့သို့ကို တစ်လအတွင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် ခွဲစိတ်ခြင်း
- အာသီးရောင်ခြင်း၊ ထုံးကျောက်နှင့် အကျိတ်များကဲ့သို့သော ဂလင်းတမျိုးနှင့် adenoid ဒဏ်ရာများကို ဖယ်ရှားရန် စစ်ဆေးအကဲဖြတ်ခြင်းနှင့် ခွဲစိတ်ခြင်း
- အသံအိုးနှင့် လေပြွန်ရှိဒဏ်ရာများကို ဖယ်ရှားရန် စစ်ဆေးအကဲဖြတ်ခြင်းနှင့် ခွဲစိတ်ခြင်း
အသံနှင့်အစာမျိုချခြင်းဆိုင်ရာစင်တာသည် အသံကျယ်စူးခြင်း၊ မွေးရာပါဗီဇနှင့် အသံကျယ်ခြင်းကဲ့သို့သော အသံပြဿနာရှိသောလူနာများအား ပြန်လည်ပြုပြင်သည့်ကိရိယာများအသုံးပြု၍ သို့မဟုတ် ခွဲစိတ်မှုမှအသံထွက်ခြင်းကဲ့သို့သောရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာကဏ္ဍအစုံအလင်ကို ပံ့ပိုးပေးပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသောကလေးငယ်များတွင် သို့မဟုတ် ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခြင်း၊ မကြာခဏ နင်တတ်ခြင်း၊ အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် သွေးပိုးဝင်ခြင်းစသည့် အစာမျိုခြင်းဆိုင်ရာ ဖြစ်ပွားမှုများကိုလည်း ဆွေးနွေးကုသပေးနေပါသည်ရှင်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပါဝင်သည်မှာ:
-
အသံထွက်အဆင့်များး၊ စကားပြောလေးခြင်းနှင့် အသံပြဿနာများအတွက် စစ်ဆေးအကဲဖြတ်ခြင်း
-
အစာမျိုချခြင်းနှင့် အစာနင်ခြင်းဆိုင်ရာ ပြဿနာများ
-
အနုစိတ်မှန်ပြောင်းကြည့်ခြင်း
-
အသံခေါက်လှုပ်ရှားမှုများ၏ အစာမျိုချခြင်းအဆင့် စစ်ဆေးအကဲဖြတ်ခြင်း
-
အသံမှန်ပြန်ရအောင် ခွဲစိတ်ခြင်း
-
အသံအိုးနေရာလွဲခြင်းအတွက် ခွဲစိတ်ခြင်း
-
အသံနှုန်း စမ်းသပ်ခြင်း
-
အစာမျိုချခြင်းအဆင့်များကို စစ်ဆေးအကဲဖြတ်ခြင်း
-
အစာမျိုချခြင်းအဆင့်ကို ဗီဒီယိုဖြင့် စစ်ဆေးအကဲဖြတ်ခြင်း
-
အစာမျိုချရန်ခက်ခဲသောလူနာများအတွက် ပြန်လည်ကုသပေးခြင်း
ဝန်ဆောင်မှုပေးသော အချိန်များ :
တနင်္လာ မှ တနင်္ဂနွေ၊ 08.00 မှ 20.00 နာရီ ဖွင့်ပါသည်။
နား၊ လည်ချောင်းနှင့်နှာခေါင်းစင်တာ၊ Bangpakok 9 နိုင်ငံတကာဆေးရုံ၏ ဒုတိယထပ်
ပိုမိုသိရှိလိုပါက
တယ်လီဖုန်း +662–109–9111 ext.10225, 10226
ဖက်စ် +662 877 2222
ဖုန်းခေါ်ဆိုစင်တာ 1745